
တရားမမှုခင်းများ (Civil Litigation)
ပဋိညာဉ်ချိုးဖောက်မှုများ၊ အမွေဆက်ခံခွင့်ဆိုင်ရာ အငြင်းပွားမှုများ၊ ငွေကြေးတောင်းခံမှုများနှင့် အခြားသော တရားမရေးရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခြင်း။

ပြစ်မှုဆိုင်ရာ မှုခင်းများ (Criminal Defense)
အာမခံလျှောက်ထားပေးခြင်း၊ ရဲစခန်းနှင့် တရားရုံး အဆင့်ဆင့်တွင် အမှုသည်ဘက်မှ လိုက်ပါဆောင်ရွက်ပေးခြင်းနှင့် ပြစ်မှုဆိုင်ရာ ဥပဒေရေးရာ အကြံပေးခြင်းများ ဆောင်ရွက်ပေးပါသည်။

ကုမ္ပဏီနှင့် စီးပွားရေးဥပဒေ (Corporate Law)
ကုမ္ပဏီအသစ်တည်ထောင်ခြင်း (DICA Registration)၊ အစုရှယ်ယာရှင်များဆိုင်ရာ သဘောတူညီချက်များ၊ အမှတ်တံဆိပ် မူပိုင်ခွင့် (Trademark) မှတ်ပုံတင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များ။

အိမ်ခြံမြေနှင့် မြေယာဥပဒေ (Real Estate Law)
အိမ်ခြံမြေ အရောင်းအဝယ်၊ ငှားရမ်းခြင်းဆိုင်ရာ စာချုပ်စာတမ်းများ ရေးဆွဲပေးခြင်း၊ ပိုင်ဆိုင်မှု ခိုင်လုံရေး စုံစမ်းစစ်ဆေးပေးခြင်းနှင့် မြေယာအငြင်းပွားမှုများကို ဖြေရှင်းပေးခြင်း။

မိသားစုရေးရာဥပဒေ (Family Law)
တရားဝင် ကွာရှင်းပြတ်စဲခြင်း၊ ကလေးသူငယ် အုပ်ထိန်းခွင့်၊ ဇနီးမောင်နှံ ပိုင်ဆိုင်မှုခွဲဝေခြင်းနှင့် မွေးစားခြင်းဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးပါသည်။

စာချုပ်စာတမ်းနှင့် ဥပဒေအကြံပေး (Contracts & Consultation)
လုပ်ငန်းသုံး စာချုပ်စာတမ်းများ၊ အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)၊ အထူးကိုယ်စားလှယ်လွှဲစာ (S.P) များ တရားဝင်ရေးဆွဲပေးခြင်းနှင့် ဥပဒေရေးရာ အကြံဉာဏ်များ ပေးခြင်း။